Friday, July 30, 2010

အမုန်းနဲ့ကခုန်ခြင်း

ကျည်တစ်တောင်ရင်ထဲရောက်တယ်
နှလုံးသားကထုတ်ချင်းခတ်
သွေးစက်စက်ယိုတဲ့ရင်မှာ
ဒဏ်ရာတစ်ခုအရာထင်တယ်
မင်းပြောခဲ့တယ်လေ
အကြင်နာဆိုတာမပြောင်းလဲဘူး တဲ့
ဒါပေမယ့်
အမုန်းကဘယ်လောက်မြန်လဲဆိုတာတော့
ငါမသိဘူးလေ
သိပ်မြန်တဲ့ခြေမှုန်းမှုနဲ့
နှလုံးသားတစ်ခုလုံး
တစ်စစီဖြစ်တယ်ဆိုရင်
မင်းပြောတဲ့အချစ်ကိုသိမ်းထားဖို့ 
ငါ့မှာနေရာမရှိတော့ဘူး။
ငါပြောပါတယ်
တစ်သက်လုံးမမုန်းဘူးလို့
ဒါလည်းပဲ
မင်းပြောတယ်သိပ်မုန်းတယ်တဲ့ ။ ။

1 comment:

ခြင် said...

ဘလိုကတာလဲ ဟစ်ပေါ့ထ်လား... ဘရိတ်ဒွန့်စ်လား.... ဘဲလေးလား....