Friday, January 14, 2011

Gtalk ကစာလုံးတွေကို Bold & Italic လုပ်ကြမယ်

ကဲ ..သူငယ်ချင်း အကိုအမ တို့ရေ
အခု Gtalk အတွက် တစ်ခု တင်ပေးဦးမယ်နော်..
စိတ် ၀င်စားစရာတော့ကောင်းပါတယ်.... လွယ်လွယ် လေးနဲ့ မသိ တဲ့သူ များတာ လေး ပါ.
ဒါပေမဲ့ သိတဲ့သူ လည်းရှိ ကြမှာပါ ...
(မသိသူများအတွက် သာ.... နော်)

သူကဘယ်လိုလဲဆိုတော့ ...
GTALKမှာ တစ်ယောက်နဲ့ တစ်ယောက် ချက်ရင် အရေးကြီးတဲ့ စာလေး တွေ
ဒါမှမဟုတ် တစ်ခုခု ပေါ့ နော်.... ဒီစာလုံး တစ်လုံးကို ထင်ရှားစေချင်တယ် ဆို၇င်
အဲ့ဒီ စာလုံးကို အမဲလေးနဲ့ရေးလို့ရပါတယ်...
ဥမပါ....အော် ဟုတ်ပါဘူး...မှားလို့
ဥပမာ..
အဲ့ လို စာလုံး မဲမဲ လေးနဲ့ ရေးချင်ရင်တော့ .....

မိမိရဲ့ စာရေးတဲ့အခါမှာ...
Star(Shift+8) Shift နဲ့နံပါတ် 8 ကိုတွဲ နှပ်လိုက်ရင် * အဲ့လို Star လေး ကို
သူငယ်ချင်းရေး မဲ့ စာရဲ့ ရှေ့ဆုံးနဲ့နောက်ဆုံးမှာ ထည့်လိုက်ပါ...
ပြီးရင် Enter ခေါက် .. ဒါဆိုရပြီပေါ့ ဒီလိုလေးဗျာ..*Hello* ပြီးကျတော့ Enter ခေါက်လိုက်ပေါ့
ကဲဒါဆို မဲမဲ လေး (Bold) ဖြစ်အောင်တော့ လုပ်တတ်သွားမယ်လို့ ထင်ပါတယ်....

နောက်ထပ် တစ်ခုရှိသေးတယ် ဗျ...
နောက်တစ်ခုကလဲအဲ့လိုပဲ
သူကျတော့ စောင်းစောင်း လေး...ထွက်လာတယ်..
ဘယ်လိုလဲဆိုတော့
စောစော က လိုပဲ သူငယ်ချင်းရေးမဲ့ စာလုံးရဲ့ ရှေ့ဆုံးနဲ့နောက်ဆုံးမှာ
Shift နဲ့အနုတ် ကိုတွဲ နှိပ်လိုက်ရင် ထွက်လာနဲ့ _ အဲ့လို ပုံစံ လေး
ကို ထည့်လိုက်ပါ. ဒီလိုလေးနော်…_ hi_ ပြီးကျတော့ Enter ပေါ့နော်…
ဒါဆိုရင် ရပါတယ် ခင်ဗျာ ..

Wednesday, January 12, 2011

နာရီ မသိ ၊ အချိန် မရှိ တဲ့..ကိုကို မမ များအတွက်.Online Clock

အင်တာနက် သုံးဖို့ ကွန်ပျူတာရှေ့ ထိုင်လိုက်ပြီ ဟေ့ဆိုလိုက်တာနဲ့ ...နာရီ မသိ ၊ အချိန် မရှိတော့ ။ ဘယ်အချိန်တွေ ဖြစ်လို့ ဖြစ်မှန်းလဲမသိ ။ ဘာလုပ်လို့ လုပ်ရမှန်းလဲ မသိ ။ ချိန်းထားတာတွေ အကုန်လွဲ ... ။ ဟိုလွဲ ဒီလွဲ ဖြစ်နေသူများအတွက် ..... ။

အင်တာနက် များသုံးမိပြီဆိုလျှင် ဆေးသမားများ ထက် ဆိုးသည် ဆိုသည်ကို ယခု လက်ရှိ အင်တာနက် အသုံးပြုသူတိုင်း သဘောပေါက်ကြပါလိမ့်မယ် ။ ခဏလေးလို့ ထင်လိုက်ပေမဲ့ .. တစ်နာရီ ၊ နှစ်နာရီလောက်ကြာချင်လည်း ကြာနေတတ်တယ် ။ ပြီးတော့မှ ..... ဟာ ..သွားပြီ .. ။ လုပ်စရာရှိတာတွေ မလုပ်ရဘူးးးး ဟု ... လွဲသွားသူတွေ တစ်ပုံကြီးးးးး ။

အဲ့ဒါကြောင့် အဲ့လို မဖြစ်ရအောင် ... အင်တာနက် သုံးနေတာလေးလည်း မပျက်အောင်.....ဒီလိုလေးပဲ လုပ်ထားပေးလိုက်ပါ ... ။

http://kukuklok.com/
click တစ်ချက် နှိပ်ပြီး အဲ့ဆိုဒ်လေးကို ဖွင့်ထားပေးလိုက်ပါ ။ ဖွင့်လိုက်တာနဲ့ .ရိုးရှင်းလှတဲ့ ဆိုဒ်ရဲ့ အပြင်အဆင် ဟာ ..စိတ်ကို ဖမ်းစားသွားပါလိမ့်မယ် .... ။

Digital နာရီလေး တစ်လုံးးးးး ( အပေါ်မှာ လက်ရှိ ရောက်နေတဲ့ current time ကို ပြနေလိမ့်မယ် ) နဲ့ ... ဘေးနားမှာ ကြက်ဖ ပုံလေးနဲ့ ..... ( ရွာက ကြက်တွန်သံလေး အလွမ်းပြေပေါ့....)

အဲ့ဒါဆို အရင်ဆုံး ကိုယ် လုပ်စရာ ရှိတဲ့ အချိန် ကို နာရီလေးမှာ ချိန်ပြီး set alarm ပေးလိုက်ပေါ့.... ။

ပြီးရင် ကြက်ဖ ပုံလေးမှာ preview sound ကို နှိပ်ကြည့်လိုက်ပါ ... ။ အဲ့ဒါဆို မိမိ alarm ပေးထားတဲ့ အချိန်မှာ ကြက်တွန်သံနဲ့ ... alarm လေး ပေးနေပါလိမ့်မယ် ။ ( ကြက်ဖ ပုံလေး ဘေးနားက arrow လေးတွေကို နှိပ်ပြီး ရိုးရိုးနှိုးစက် နာရီသံ ၊ electronic တတီ...တီ..မြည်သံ ၊ slayer guitar မြည်သံ အကျယ်ကြီးနဲ့ ...၊ တပ်မတော်သားများအကြိုက် .. စစ်ချီတေးသံ ... အစရှိတဲ့.. မိမိ ကြိုက်နှစ်သက်ရာ alarm အသံများကိုလည်း ရွေးချယ်ပေးလို့ ရပါသေးတယ် ။ )

အဲ့ဒါဆို ရင်... အဲ့ဆိုဒ်လေး ကိုဖွင့် alarm လေးကို set လုပ်ပေးပြီးး မိမိ သုံးချင်တဲ့ .. အင်တာနက်ကို ကြိုက်သလို ထိုင်သုံးနေပါ... ။ alarm လေး မြည်လာတဲ့ အချိန်မှာတော့ .. မိမိ တစ်ခုခု လုပ်စရာ ရှိလာပြီ ဆိုတာကို .. အလိုလို alarm မြည်သံ ကြားတာနဲ့ သတိရလာပါလိမ့်မယ် ..... ။

(Online Alarm Clock လေး ဖြစ်တာကြောင့် နက် မရှိတဲ့ အိမ် က စက်တွေကတော့ အဆင်ပြေမှာ မဟုတ်ပါဘူး ။ အင်တာနက် အသုံးပြုနေရတဲ့ ရုံးဝန်ထမ်းတွေ အတွက်ကတော့ ဒီ Online Alarm Clock လေးက ပြောမပြတတ်လောက်အောင် အဆင်ပြေစေပါလိမ့်မယ်..... ။ )

အားလုံးပဲ .. အင်တာနက်သုံးပြီးး လုပ်စရာ ရှိတဲ့ အချိန်မှာ လုပ်စရာ ရှိတဲ့ အလုပ်ကို ..ပြီးပျက် အောင်မြင်စွာ လုပ်ဆောင် နိုင်ကြပါစေဗျာ .... ။